ပင်လတ်မျိုးဖြစ်၍ အကိုင်းအခက်များပြားသည်။ အရွက်မှာ ရွက်ပေါင်း ဖြစ်ပြီး ရွက်ရင်းနှင့်ရွက်ထိပ်ဝိုင်းသည်။ ပန်းတစ်ခိုင်လျှင် အပွင့်နှစ် ပွင့်မှ လေးပွင့်အထိ ရှိသည်။ အပွင့် မှာ အဖြူရောင် ဖြစ်သည်။ အသီးမှာ အတာင့်ရှည်ဖြစ်ပြီး အစေ့များစွာ ပါရှိသည်။ အစေ့တွင် အတောင်ပံပါ ရှိသည်။
သစ်ပျော့ ပင် မျိုး ဖြစ်၍ ပေ၂၀ မှ ၃၀ အထိ မြင့်သည်။ အကိုင်း အခက်များစွာ ဖြာသည်။
ရွက်လွှဲ ထွက်သည်။ ငှက်မွေး ရွက်ပေါင်း ဖြစ်သည် ။၆ လက်မမှ ၁ ပေ အထိ ရှည်၍ ရွက်မြွာ များ ၂၀-၄၀ စုံ အထိ ပါရှိသည်။ ရှည်မျောမျော ပုံသဏ္ဌာန် ရှိပြီး ရွက်ရင်း ရွက်ထိပ် ဝိုင်းသည်။ ရွက်ပြား ပြောင်ချော၍ အနား ညီသည်။
အဖြူရောင် ရှိသည်။ ကြားထွက် ပန်းခိုင် ဖြစ်သည်။ တစ်ခိုင် တွင် အပွင့် ၂ ပွင့်မှ ၄ ပွင့် အထိ ပါရှိသည်။ ဝါခေါင် ၊ တော်သလင်း လတွင် ပွင့်သည်။ (ပေါက်ပန်းနီ မျိုးလည်း ရှိ၍ နှစ်မျိုးလုံး ဆေးဖက် ဝင်သည်။)
အသီး တောင့်ရှည် ဖြစ်သည်။ တွဲလျား ကျနေသည့် သီးတောင့် တစ်ခုတွင် အစေ့များစွာ ပါရှိ၏ ။ နတ်တော်လမှ တပို့တွဲ လအတွင်းအသီး ရင့်သည်။
မြန်မာ နိုင်ငံ ဒေသအများ အပြား ၌ ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ ဟင်းလျာ အဖြစ်လည်း စိုက်ပျိုး ကြသည်။
မြန်မာ့ ဆေးကျမ်း များအလိုအရ ပေါက်ပန်းဖြူ ပင်သည် အေး၏ ။ လေကိုပွား စေ၏ ၊ ခါးသက်သက် ရှိ၏ ၊ သည်းခြေ ရောဂါ ၊ သလိပ်ရောဂါ ၊ နှာရည်ယိုခြင်း ရောဂါတို့ကို ၃ ရက်ခြား ဖျား ၊ ကြက်မျက်သင့် ခြင်း တို့ကို ပျောက်စေ၏။ အရွက်သည် စပ်၏ ၊ ချို၏ ၊ ခါးသက်သက် ရှိ၏ ၊ သွေးကို ကြည်လင် စေ၏ ။