dcsimg

ခို ( Burmese )

provided by wikipedia emerging languages

ခိုနှင့်ဂျိုးသည် Columbidae taxonomic မိသားစုရသည်။ လက်ရိုးဆုံးအမျိုးအစား ကျောက်ခို (rock pigeon) ဖြစ်သည်။ အိမ်တွင်ခို (domestic pigeon) နှင့်ခိုစိမ်း (feral pigeon) ကျောက်ခိုရနေလာသည်။

ခိုသည် မြန်မာနိုင်ငံတွင် လူသိများသော ငှက်တစ်မျိုး ဖြစ်သည်။ ခိုသည် ချိုးနှင့်အတူ ကိုလမ်ဗီဒီ မျိုးရင်းတွင် ပါဝင်၍ တစ်ကမ္ဘာလုံး၌ ယခုအခါ ခိုနှင့် ချိုးမျိုးပေါင်း ၆၅ဝ ကျော်မျှ ရှိသည်ဟု သိရသည်။ အရွယ်အားဖြင့်ကား၊ ခိုက ချိုးထက်ကြီး လေသည်။ ဝင်ရိုးစွန်းဒေသများမှလွဲလျှင် ကမ္ဘာ အရပ်ရပ်၌ ခိုကို တွေ့နိုင်၍ အထူးသဖြင့် အပူပိုင်းဒေသများ တွင် ပေါများသည်။ မြန်မာနိုင်ငံတွင်မူ အမြို့မြို့ အရွာရွာမှာ ပင် ခိုကို တွေ့ရသည်။

ခိုတွင် အမျိုးများသလောက် အဆင်းသဏ္ဌာန်တွင်လည်း အနည်းနှင့်အများ ကွဲပြားကြသည်။ သို့သော် အပြာရောင်ကို အများဆုံးတွေ့ရ၏။ ယေဘူယျအားဖြင့် ခိုအားလုံးသည် အမြီး ကော့၍၊ ခြေထောက်နီသည်။ အလျား ၁၃ လက်မခန့် ရှိ၍ ကိုယ်ကာယတုတ်ခိုင်သည်။ ထူးခြားချက်ကား ခိုနှင့် ချိုးတို့ သည် ရေသောက်ရာတွင် အခြားငှက်များကဲ့သို့ ခေါင်းမမော့ဘဲ တစ်ဆက်တည်း သောက်လေ့ရှိကြသည်။

ခိုသည် သဘာဝအားဖြင့် တောတွင်းကျက်စားသော ငှက် ဖြစ်သော်လည်း အလွန်ယဉ်ပါးလွယ်သည်။ ခိုရိုင်းများကို ရှေး နှစ်ပေါင်း ၅ဝဝဝ လောက်ကစ၍ မွေးမြူခဲ့ကြောင်း အမှတ် အသားများ တွေ့ရသည်။ ခိုသည် သစ်သီးနှင့် သစ်စေ့များကို စားတတ်သည်။ အဖိုနှင့်အမ တစ်စုသည် ရာသက်ပန် ပေါင်း သင်း၍ စုံတွဲသော်လည်းကောင်း၊ သင်းဖွဲ့၍သော်လည်းကောင်း နေတတ်သည်။ ခိုသည် နေရာမြဲ၍ ကျက်စားရာ ဒေသကို များစွာခင်တွယ်သည့်အတိုင်း မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်မှ နေရင်းဌာနသို့ ရောက်အောင် ပြန်လာတတ်သည်။ ထို့ကြောင့် ရှေးဂရိနှင့် ရောမလူမျိုးတို့ လက်ထက်မှစ၍ ပြီးခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအထိ ခိုမျိုး အချို့ကို သတင်းပို့ ခိုများအဖြစ်နှင့် မွေးမြူအသုံးပြုခဲ့ကြရာ၊ ယင်းတို့၏ စွမ်း ဆောင် စွန့်စားမှုကို တစ်ကမ္ဘာလုံးကပင် အံ့ဩချီးကျူးခဲ့ကြ ရပေသည်။ သတင်းပို့ခိုတို့သည် တစ်နာရီ လျှင် ပျှမ်းမျှမိုင် ၄ဝ နှုန်း ပျံသန်းနိုင် ခဲ့ကြသည်ဟု အဆိုရှိလေသည်။

ခိုသည် တစ်နှစ်ပတ်လုံး သားပေါက်တတ်၍၊ အသိုက်များ ကို သစ်ပင်သစ်ကိုင်းထက်နှင့်တကွ အိမ်၊ တန်ဆောင်း၊ကျောင်း စသည့် ခေါင်မိုးများပေါ်တွင် သစ်ခက်၊ အမွှေးအတောင်တို့ဖြင့် ဆောက်လုပ်ကြသည်။ တစ်မြုံလျှင် ၂ ဥ ရှိတတ်၍ အသိုက် လုပ်ရာ၌လည်းကောင်း၊ သားငယ်သမီးငယ်များကို စောင့်ရှောက် ရာ၌ လည်းကောင်း၊ အဖိုနှင့် အမ ၂ ကောင်စလုံးပင် တာဝန် ယူလေ့ရှိသည်ကို တွေ့ရသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

ခို: Brief Summary ( Burmese )

provided by wikipedia emerging languages

ခိုနှင့်ဂျိုးသည် Columbidae taxonomic မိသားစုရသည်။ လက်ရိုးဆုံးအမျိုးအစား ကျောက်ခို (rock pigeon) ဖြစ်သည်။ အိမ်တွင်ခို (domestic pigeon) နှင့်ခိုစိမ်း (feral pigeon) ကျောက်ခိုရနေလာသည်။

ခိုသည် မြန်မာနိုင်ငံတွင် လူသိများသော ငှက်တစ်မျိုး ဖြစ်သည်။ ခိုသည် ချိုးနှင့်အတူ ကိုလမ်ဗီဒီ မျိုးရင်းတွင် ပါဝင်၍ တစ်ကမ္ဘာလုံး၌ ယခုအခါ ခိုနှင့် ချိုးမျိုးပေါင်း ၆၅ဝ ကျော်မျှ ရှိသည်ဟု သိရသည်။ အရွယ်အားဖြင့်ကား၊ ခိုက ချိုးထက်ကြီး လေသည်။ ဝင်ရိုးစွန်းဒေသများမှလွဲလျှင် ကမ္ဘာ အရပ်ရပ်၌ ခိုကို တွေ့နိုင်၍ အထူးသဖြင့် အပူပိုင်းဒေသများ တွင် ပေါများသည်။ မြန်မာနိုင်ငံတွင်မူ အမြို့မြို့ အရွာရွာမှာ ပင် ခိုကို တွေ့ရသည်။

ခိုတွင် အမျိုးများသလောက် အဆင်းသဏ္ဌာန်တွင်လည်း အနည်းနှင့်အများ ကွဲပြားကြသည်။ သို့သော် အပြာရောင်ကို အများဆုံးတွေ့ရ၏။ ယေဘူယျအားဖြင့် ခိုအားလုံးသည် အမြီး ကော့၍၊ ခြေထောက်နီသည်။ အလျား ၁၃ လက်မခန့် ရှိ၍ ကိုယ်ကာယတုတ်ခိုင်သည်။ ထူးခြားချက်ကား ခိုနှင့် ချိုးတို့ သည် ရေသောက်ရာတွင် အခြားငှက်များကဲ့သို့ ခေါင်းမမော့ဘဲ တစ်ဆက်တည်း သောက်လေ့ရှိကြသည်။

ခိုသည် သဘာဝအားဖြင့် တောတွင်းကျက်စားသော ငှက် ဖြစ်သော်လည်း အလွန်ယဉ်ပါးလွယ်သည်။ ခိုရိုင်းများကို ရှေး နှစ်ပေါင်း ၅ဝဝဝ လောက်ကစ၍ မွေးမြူခဲ့ကြောင်း အမှတ် အသားများ တွေ့ရသည်။ ခိုသည် သစ်သီးနှင့် သစ်စေ့များကို စားတတ်သည်။ အဖိုနှင့်အမ တစ်စုသည် ရာသက်ပန် ပေါင်း သင်း၍ စုံတွဲသော်လည်းကောင်း၊ သင်းဖွဲ့၍သော်လည်းကောင်း နေတတ်သည်။ ခိုသည် နေရာမြဲ၍ ကျက်စားရာ ဒေသကို များစွာခင်တွယ်သည့်အတိုင်း မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်မှ နေရင်းဌာနသို့ ရောက်အောင် ပြန်လာတတ်သည်။ ထို့ကြောင့် ရှေးဂရိနှင့် ရောမလူမျိုးတို့ လက်ထက်မှစ၍ ပြီးခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအထိ ခိုမျိုး အချို့ကို သတင်းပို့ ခိုများအဖြစ်နှင့် မွေးမြူအသုံးပြုခဲ့ကြရာ၊ ယင်းတို့၏ စွမ်း ဆောင် စွန့်စားမှုကို တစ်ကမ္ဘာလုံးကပင် အံ့ဩချီးကျူးခဲ့ကြ ရပေသည်။ သတင်းပို့ခိုတို့သည် တစ်နာရီ လျှင် ပျှမ်းမျှမိုင် ၄ဝ နှုန်း ပျံသန်းနိုင် ခဲ့ကြသည်ဟု အဆိုရှိလေသည်။

ခိုသည် တစ်နှစ်ပတ်လုံး သားပေါက်တတ်၍၊ အသိုက်များ ကို သစ်ပင်သစ်ကိုင်းထက်နှင့်တကွ အိမ်၊ တန်ဆောင်း၊ကျောင်း စသည့် ခေါင်မိုးများပေါ်တွင် သစ်ခက်၊ အမွှေးအတောင်တို့ဖြင့် ဆောက်လုပ်ကြသည်။ တစ်မြုံလျှင် ၂ ဥ ရှိတတ်၍ အသိုက် လုပ်ရာ၌လည်းကောင်း၊ သားငယ်သမီးငယ်များကို စောင့်ရှောက် ရာ၌ လည်းကောင်း၊ အဖိုနှင့် အမ ၂ ကောင်စလုံးပင် တာဝန် ယူလေ့ရှိသည်ကို တွေ့ရသည်။